back

မြန်မာမှ ထိုင်းအလုပ်ခေါ်စာအသစ် မေ လ ၂ ရက်တွင် စတင်လက်ခံမည်

Mar 22 • 1:00 PM

breaking-news

မြန်မာ

ပြည်ပ

cover

မြန်မာမှ ထိုင်းအလုပ်ခေါ်စာအသစ် မေ လ ၂ ရက်တွင် စတင်လက်ခံမည်

ပြည်ပအလုပ်အကိုင်အေဂျင်စီတွေအနေနဲ့ ထိုင်းနိုင်ငံကို အလုပ်ခေါ်စာအသစ်တင်ပြတာကို မေလ ၂ ရက်က စတင်ပြီး လက်ခံဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ မတ်လ ၂၂ ရက်မှာ ထုတ်ပြန် ထားပါ...

ပြည်ပအလုပ်အကိုင်အေဂျင်စီတွေအနေနဲ့ ထိုင်းနိုင်ငံကို အလုပ်ခေါ်စာအသစ်တင်ပြတာကို မေလ ၂ ရက်က စတင်ပြီး လက်ခံဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ မတ်လ ၂၂ ရက်မှာ ထုတ်ပြန် ထားပါတယ်။ အေဂျင်စီတွေအနေနဲ့ အလုပ်သမားညွှန်ကြားရေး ဦးစီးဌာနကို အလုပ်ခေါ်စာ တင်ပြရာမှာ လူဦးရေ ၅၀ ထက် မပိုစေဖို့နဲ့ အေဂျင်စီတစ်ခုဟာ တစ်လကို တစ်ကြိမ်သာ တင်ပြရမှာ ဖြစ်ပါတယ်။ ဇန်နဝါရီလ ၃၀ ရက်မတိုင်မီက စာချုပ်ချုပ်ဆိုထားတဲ့ မြန်မာအေဂျင်စီတွေအနေနဲ့ လူဦးရေ ၅၀ ထက်ပိုတဲ့ အလုပ် ခေါ်စာတွေကို မတ်လ ၂၅ ရက်နေ့ကစတင်ပြီး လူဦးရေ ၅၀ နဲ့ ပြန်လည်ပြင်ဆင် တင်ပြရမှာဖြစ်ပြီး တစ်လကို တစ်ကြိမ်သာ တင်ပြရမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။



news-view-count-icon

14