၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ အုပ်စုအဖွင့်ပွဲမှာ အယ်ဘေးနီးယားအသင်းကို ၂ ဂိုးပြတ်နဲ့ အနိုင်ရခဲ့ပေမယ့် အင်္ဂလန် အသင်း အခုထက်ပိုကောင်းအောင် ကစားနိုင်သေးသလို ပိုကောင်းဖို့လည်း ကြိုးစားရမှာဖြစ်တယ်လို့ နည်းပြ တူချယ်က သတိပေးလိုက်ပါတယ်။ နည်းပြတူချယ်လက်ထက် ပထမဆုံးပွဲမှာ အင်္ဂလန်အသင်းဟာ လူငယ် နောက်ခံလူ စကယ်လီ၊ တိုက်စစ်မှူး ဟယ်ရီကိန်းတို့ရဲ့ သွင်းဂိုးတွေနဲ့အတူ အယ်ဘေးနီးယားအသင်းကို အနိုင်ရခဲ့တာဖြစ်ပါတယ်။



