ဘရာဇီးလ်ကြယ်ပွင့် ရာဖင်ညာက သူဟာ ဘာစီလိုနာအသင်းကနေ ထွက်ခွာလုနီးပါး ဖြစ်ခဲ့ပေမယ့် နည်းပြ ဟန်ဆီဖလစ်ကြောင့် သူ့ရဲ့စိတ်ပြောင်းလဲ သွားခဲ့တယ်လို့ ပြောခဲ့ပါတယ်။ ရာဖင်ညာက “ကိုပါအမေရိကဖလား အပြီးမှာ ဘာစီလိုနာကနေ ထွက်ခွာဖို့ ကျနော် စဉ်းစားခဲ့ပါတယ်။ နည်းပြ ဟန်ဆီဖလစ်က ကျနော့်ကို မခေါ်ဆိုခင်ချိန်အထိ စိတ်ပိုင်းဆိုင်ရာ အဆင်မပြေခဲ့ပါဘူး။ နေ့တိုင်း အပြောင်းအရွှေ့ သတင်းတွေ ထွက်နေခဲ့ပါတယ်။ ကျနော့်ကို ထွက်ခွာဖို့ တောင်းဆိုနေတဲ့ သူတွေလဲ တွေ့ခဲ့ရလို့ ထွက်ခွာဖို့ကို အလေးအနက် စဉ်းစားခဲ့ပါတယ်။ နည်းပြဟန်ဆီဖလစ်နဲ့ စကားပြောပြီးချိန်မှာ ဆက်နေဖို့ ဆုံးဖြတ်ခဲ့ပြီး ဒါက အချိုးအကွေ့ဖြစ်ခဲ့တာပါ”လို့ ပြောခဲ့တာပါ။



