အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အစိုးရက ပြည်နှင်လိုက်တဲ့ မြန်မာ ၂ ယောက်ကို ကြိုဆို လက်ခံ သွားမယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက မတ် ၂၁ ရက်မှာ ထုတ်ပြန် ကြေညာပါတယ်။ပထမအသုတ်အဖြစ် ပြည်နှင်ခံရတဲ့ ၂ ယောက်ဟာ မတ် ၁၉ ရက်မှာ ၁ ယောက်၊ မတ် ၂၈ ရက်မှာ ၁ ယောက်၊ လေကြောင်းခရီးနဲ့ မြန်မာနိုင်ငံကို သီးခြားစီ ပြန်ရောက်မယ်လို့လည်း ထုတ်ပြန်ချက် မှာ ဖော်ပြထားပြီး အသေးစိတ်အချက်အလက်တွေကိုတော့ ထုတ်ပြန်ထားတာ မရှိပါဘူး။



