ဘရာဇီးအသင်းအတွက်ကစားရင်း ဦးခေါင်းဒဏ်ရာရရှိခဲ့တဲ့ ဂိုးသမား အလစ်ဆန်ဘက်ကာရဲ့ အခြေအနေဟာ စိုးရိမ်းစရာမရှိကြောင်း ဘရာဇီးအသင်းဆရာဝန်လက်စ်မာက ပြောပါတယ်။ အလစ်ဆန်ဟာ ကိုလံဘီယာကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရတဲ့ပွဲစဉ်မှာ ပြိုင်ဘက်နောက်ခံလူ ဆန်းချက်ဇ်နဲ့ ခေါင်းချင်းယှဉ် တိုက်မိပြီး ဒဏ်ရာရရှိခဲ့တာပါ။



