ကမ္ဘာ့ဟဲဗီးဝိတ်လက်ဝှေ့ချန်ပီယံဟောင်း ဂျော့ဖိုမင်ဟာ မတ် ၂၁ ရက်က ကွယ်လွန်ခဲ့တဲ့အကြောင်း သူ့မိသားစုက ပြောပါတယ်။ ဂျော့ဖိုမင်ဟာ အားကစားလောကမှာ အထင်ရှားဆုံးကစားသမားတစ်ဦးဖြစ်ပြီး ၁၉၆၈ ခုနှစ် အသက် ၁၉ နှစ်အရွယ်မှာ အိုလံပစ်ရွှေတံဆိပ်ရခဲ့သလို ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံဆုကိုလည်း ၂ ကြိမ် ဆွတ်ခူးနိုင်ခဲ့သူဖြစ်ပါတယ်။



