back

အရာတော်မြို့၌ ၂၀၁၅-ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်စွာဖြေဆိုပြီးစီး

Mar 22 • 11:17 AM

breaking-news

မြန်မာ

စစ်ကိုင်း

cover

အရာတော်မြို့၌ ၂၀၁၅-ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်စွာဖြေဆိုပြီးစီး

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ အရာတော်မြို့ အခြေခံပညာအထက်တန်းကျောင်းတွင် မတ်လ ၁၇ ရက်နေ့က တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၈၈) ဦး...

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ အရာတော်မြို့ အခြေခံပညာအထက်တန်းကျောင်းတွင် မတ်လ ၁၇ ရက်နေ့က တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၈၈) ဦးဖြင့် စတင်ဖြေ ဆိုလျက်ရှိရာ ယနေ့တွင် အောင်မြင်စွာဖြေဆိုပြီးစီးကြောင်း သိရသည်။အရာတော်မြို့တွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန် စာစစ်ဌာနတစ်ခုရှိပြီး STEAMS-1တွင် ကျောင်း သား (၁၉) ဦး၊ ကျောင်းသူ (၃၃) ဦး၊ STEAMS-2 တွင် ကျောင်းသား (၁၀) ဦး၊ ကျောင်းသူ (၂၃) ဦး၊ STAMS တွင် ကျောင်းသား (၂) ဦး၊ ကျောင်းသူ (၁) ဦး စုစုပေါင်း (၈၈) ဦး ဖြေဆိုကြောင်း မြို့နယ်ပညာရေး မှူးရုံးထံက သိရသည်။


news-view-count-icon

14