back

ဆူဒန် သမ္မတနန်းတော်ကို ပြည်သူ့စစ်တွေလက်ကနေ စစ်တပ်ပြန်သိမ်း

Mar 22 • 9:34 AM

breaking-news

မြန်မာ

ပြည်ပ

cover

ဆူဒန် သမ္မတနန်းတော်ကို ပြည်သူ့စစ်တွေလက်ကနေ စစ်တပ်ပြန်သိမ်း

နှစ်နှစ်နီးပါးကြာ တိုက်ပွဲတွေဖြစ်ပွားပြီးနောက် ဆူဒန်စစ်တပ်ဟာ သမ္မတနန်းတော်ကို အာအက်စ်အက်ဖ်ပြည်သူ့စစ်တွေလက်ကနေ ပြန်လည်သိမ်းပိုက်လိုက်တယ်လို့ ဆူဒန်စစ်တပ်က ထုတ်ပြန...

နှစ်နှစ်နီးပါးကြာ တိုက်ပွဲတွေဖြစ်ပွားပြီးနောက် ဆူဒန်စစ်တပ်ဟာ သမ္မတနန်းတော်ကို အာအက်စ်အက်ဖ်ပြည်သူ့စစ်တွေလက်ကနေ ပြန်လည်သိမ်းပိုက်လိုက်တယ်လို့ ဆူဒန်စစ်တပ်က ထုတ်ပြန်ပါတယ်။မကြာသေးမီ လတွေအတွင်း အာအက်စ်အက်ဖ်ပြည်သူ့စစ်အဖွဲ့ကို ထိုးစစ်သိသိသာသာဆင်နေတဲ့ ဆူဒန်စစ်တပ်တွက် အဓိကအောင်ပွဲတရပ်ဖြစ်ပါတယ်။သမ္မတနန်းတော်ကို ပြန်လည်ထိန်းချုပ်ပြီးနောက် စစ်သားတွေ အောင်ပွဲခံနေတဲ့ ရုပ်သံနဲ့ ဓါတ်ပုံတွေက လူမှုကွန်ရက်မှာ ထွက်ပေါ်နေပါတယ်။ ဒါပေမယ့်လည်း မြို့တော်ခါတွမ်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေလားဆိုတာတော့ ရှင်းလင်းစွာ မသိရပါဘူး။ အာအက်စ်အက်ဖ်ပြည်သူ့စစ်အဖွဲ့ကတော့ သူတို့ရဲ့ တိုက်ခိုက်ရေးသမားတွေဟာ အဲဒီဒေသအနီးတဝိုက်မှာရှိနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

news-view-count-icon

20