ဧပြီလ ၁ ရက်နေ့မှ စတင်၍ Malaysia Airlines ၊ Firefly နှင့် MASwings တို့ဖြင့် ခရီးသွားလာသူအားလုံးသည် ၎င်းတို့၏ ပါဝါဘဏ်များကို ကိုယ်နှင့်မကွာ အချိန်တိုင်း ယူဆောင်ထားရမည်။ ထိုင်ခုံအပေါ်ဘက် အထုပ်အပိုးထားသည့်နေရာတွင် မထားရ။ပျံသန်းသည့် ခရီးစဉ်အတွင်း ကိုယ်နှင့်မကွာ ရှိနေမည့် အိတ်အတွင်း ထည့်သိမ်းပြီး ၎င်းအိတ်ကို ထိုင်ခုံအောက်တွင် ထားသိုနိုင်သည်။ သံလိုက်ကြိုးမဲ့အားသွင်း ပါဝါဘဏ်များကို မရည်ရွယ်ဘဲ မတော်တဆ အားသွင်းခြင်းမှ ကာကွယ်ရန် သီးခြားအိတ် သို့မဟုတ် အကာအကွယ်အိတ်ထဲတွင် ထားရှိရမည်။ပျံသန်းမှုတစ်လျှောက်လုံး အားသွင်းခြင်း သို့မဟုတ် ပါဝါဘဏ်များကို အသုံးပြုခြင်းအား တင်းတင်းကျပ်ကျပ် တားမြစ်ထားသည်။
မလေးရှားလေကြောင်းလိုင်းမှ ခရီးသည်များသည် ပါဝါဘဏ်များ သယ်ဆောင်ခြင်းဆိုင်ရာ နောက်ဆုံးထုတ်ပြန်သည့် မူဝါဒကို မလွဲမသွေလိုက်နာရမည်
Mar 22 • 9:30 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 14 | 0 | 0 | 0 |


