အာဆင်နယ်အသင်းရဲ့ ဘယ်နောက်ခံလူ ကာလာဖီအိုရီဟာ ဒူးဒဏ်ရာကြောင့် အီတလီလက်ရွေးစင် အသင်းကနေ နုတ်ထွက်လိုက်ပြီး အာဆင်နယ်အသင်းဆီ ပြန်ရောက်လာမှာဖြစ်တယ်လို့ သိရပါတယ်။ မတ်လ၂၀ရက်ေန့ညက ကစားခဲ့တဲ့ ဂျာမနီအသင်းကို ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ ကာလာဖီအိုရီဟာ အီတလီအသင်းပွဲထွက်စာရင်းမှာ ပါဝင်လာခဲ့ပြီး ပွဲပြီးကာနီးမှာ ဒူးဒဏ်ရာ ရရှိသွားခဲ့တာဖြစ်ပါတယ်။



