ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ မြို့နယ် ခြောက်မြို့နယ်မှာ သောက်သုံးရေ ရှားပါးမှုတွေ ဖြစ်ပေါ်နေတယ်လို့ ကူညီပေးနေသူတွေဆီက သိရပါတယ်။ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ ရသေ့တောင်၊ မောင်တော၊ ပေါက်တော၊ မင်းပြား စတဲ့ မြို့နယ်တွေမှာ သောက်သုံးရေ ရှားပါးမှု ဖြစ်ပေါ်နေတာဖြစ်ပြီး ခိုလှုံသူတွေ များပြားလာတာကြောင့် အခက်အခဲ ပိုပြီး ကြုံတွေ့ရတယ်လို့ သိရပါတယ်။စားနပ်ရိက္ခာ၊ ဆေးဝါး မလုံလောက်တဲ့ အချိန်မှာ သောက်သုံးရေ ရှားပါးမှုနဲ့ ထပ်မံ ကြုံတွေ့နေရတာကြောင့် ပိုပြီး အခက်အခဲ ဖြစ်ရတယ်လို့လည်း သူက ပြောပါတယ်။



