ပြည်တွင်းရှိ တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ မတ် ၁၉ ရက်၊ ၂၀ ရက်နှင့် ၂၁ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ ၉၁ မှု (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၉၁၃,၃၉၂,၈၀၆) ကို ဖမ်းဆီးရမိခဲ့သည်ဟု တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီမှ သိရပါတယ်။အဆိုပါဖမ်းဆီးရမိမှုများတွင် တရားမဝင် သစ်မျိုးစုံ၊ လုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ၊ လိုင်စင်မဲ့မော်တော်ဆိုင်ကယ်နှင့် တရားမဝင် ကုန်ပစ္စည်းတင်မော်တော်ယာဉ်များ ပါဝင်ပါတယ်။
ပြည်တွင်းတွင် သုံးရက်အတွင်း တရားမဝင်ကုန်သွယ်မှုများမှ ခန့်မှန်းတန်ဖိုးငွေကျပ် သိန်း (၂၀၀၀၀)နီးပါး တန်ဖိုးရှိ တရားမဝင်ကုန်ပစ္စည်းများ ဖမ်းဆီးရမိခဲ့
Mar 22 • 9:10 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 14 | 0 | 0 | 0 |


