သရုပ်ဆောင် မျိုးစန္ဒီကျော်ရဲ့ သမီးလေးက၂၀၂၅ခုနှစ်ရဲ့အတန်းတင် စာမေးပွဲပြီးတဲ့နောက်မှာ နွေရာသီတရားစခန်းဝင်ခဲ့ပြီး အသက် ၈ နှစ်မှ ၁၆ နှစ်အထိ ကလေးငယ်များအတွက် ဖွင့်ပေးတဲ့ အာနာပါနာသတိသင်တန်းကို မေမေမျိုးစန္ဒီကျော်က ပို့ပေးခဲ့တာလည်းဖြစ်ပါတယ်။သမီးလေးနဲ့အတူ သူငယ်ချင်းတစ်ယောက်လည်း ပါဝင်ခဲ့ကြပြီး စိတ်တူကိုယ်တူရှိကြတဲ့ သူငယ်ချင်းနှစ်ယောက်ရဲ့ ပုံရိပ်လေးတွေကို မေမေက မျှဝေပေးလာတာလည်းဖြစ်ပါတယ်။



