back

မြန်မာပြည်တွင်းရှိစိုက်ပျိုးရေးလုပ်ငန်းများတွင် အရည်အသွေးပြည့်မီသော နည်းပညာမြင့်မြေဩဇာများသုံးစွဲနိုင်စေရန် မြေဩဇာမှတ်ပုံတင်များ ထုတ်ပေးနိုင်ရေးဆောင်ရွက်နေ

Mar 22 • 5:25 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

မြန်မာပြည်တွင်းရှိစိုက်ပျိုးရေးလုပ်ငန်းများတွင် အရည်အသွေးပြည့်မီသော နည်းပညာမြင့်မြေဩဇာများသုံးစွဲနိုင်စေရန် မြေဩဇာမှတ်ပုံတင်များ ထုတ်ပေးနိုင်ရေးဆောင်ရွက်နေ

မြန်မာပြည်တွင်းရှိ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားစေရေးနှင့် စားရေ ရိက္ခာဖူလုံစေရေးအတွက် စိုက်ပျိုးရေးလုပ်ငန်းများတွင် အရည်အသွေးပြည့်မီသော မြေဩဇာများ သုံး...

မြန်မာပြည်တွင်းရှိ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားစေရေးနှင့် စားရေ ရိက္ခာဖူလုံစေရေးအတွက် စိုက်ပျိုးရေးလုပ်ငန်းများတွင် အရည်အသွေးပြည့်မီသော မြေဩဇာများ သုံးစွဲနိုင်ကြစေရန်နှင့် မြေဩဇာထုတ်လုပ်ခွင့်၊ တင်သွင်းခွင့်မှတ်ပုံတင်ပေးခြင်းလုပ်ငန်းများကို မြေဩဇာဥပဒေ၊ နည်းဥပဒေများနှင့်အညီ ထိန်းကျောင်းကြပ်မတ်လျက်ရှိသည့် မြေဩဇာကော်မတီအနေဖြင့် မြေဩဇာဆိုင်ရာနည်းပညာအဖွဲ့၏ စိစစ်ထောက် ခံချက်ဖြင့် မြေဩဇာမှတ်ပုံတင်များ ထုတ်ပေးနိုင်ရေးဆောင်ရွက်လျက်ရှိပါတယ်။

စိစစ်ထုတ်ပေးလျက်ရှိရာတွင် (၄၃) ကြိမ်မြောက် မြေဩဇာကော်မတီအစည်းအဝေးအထိ မြေဩဇာမှတ်ပုံတင် (၁၂၂၉၇) စောင် ခွင့်ပြုပေးနိုင်ခဲ့ပြီး ကာယကံရှင်၏ တင်ပြချက်အရ ပယ်ဖျက်မှု (၂၀၈၈) စောင်နှင့် သက်တမ်းကျော်လွန်သည့် ဖျက်သိမ်းခဲ့သော မြေဩဇာမှတ်ပုံတင် (၂၈၆၇) စောင် ရှိသဖြင့် ယနေ့အထိ နိုင်ငံတစ်ဝန်း၌ အသက်ဝင်လုပ်ကိုင်လျက်ရှိသည့် မြေဩဇာမှတ်ပုံတင် (၇၃၄၂) စောင် ရှိပါတယ်

news-view-count-icon

19