back

အင်ဒိုနီးရှားတွင် မီးတောင်ပေါက်ကွဲမှု ကြောင့် ဘာလီမှ လေကြောင်းခရီးစဉ်များကို ဖျက်သိမ်း

Mar 21 • 1:54 PM

breaking-news

မြန်မာ

ပြည်ပ

cover

အင်ဒိုနီးရှားတွင် မီးတောင်ပေါက်ကွဲမှု ကြောင့် ဘာလီမှ လေကြောင်းခရီးစဉ်များကို ဖျက်သိမ်း

အင်ဒိုနီးရှားနိုင်ငံအရှေ့ဘက်ပိုင်းရှိ မီးတောင်တစ်တောင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ချော်ရည်များ ကောင်းကင်အထက် ရှစ်ကီလို မီတာအထိ ပန်းထွက်လာခဲ့ပြီးနောက် ဘာလီအပန်းဖ...

အင်ဒိုနီးရှားနိုင်ငံအရှေ့ဘက်ပိုင်းရှိ မီးတောင်တစ်တောင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ချော်ရည်များ ကောင်းကင်အထက် ရှစ်ကီလို မီတာအထိ ပန်းထွက်လာခဲ့ပြီးနောက် ဘာလီအပန်းဖြေကျွန်းမှ နိုင်ငံတကာလေကြောင်း ခရီးစဉ်ရှစ်ခုထက်မနည်းကို ဖျက်သိမ်းလိုက်ကြောင်း လေဆိပ်တာဝန်ရှိသူတစ်ဦးက မတ် ၂၁ ရက်တွင် ပြောကြားခဲ့သည်။ ဖလော်ရက်စ် အပန်းဖြေကျွန်းရှိ အမြင့်၁၇၀၃ မီတာရှိ အမြွှာမီးတောင်ဖြစ်သော လီဝိုတိုဘီလာကီ လာကီတောင်တွင် မတ် ၂၀ ရက်နှောင်းပိုင်း က ၁၁ မိနစ် ၉ စက္ကန့်ကြာ ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း အာဏာပိုင်များက ပြောကြားခဲ့ကာ မီးတောင်ပေါက်ကွဲမှု သတိပေးချက်အဆင့်ကို အမြင့်ဆုံးအဆင့်အထိ တိုးမြင့်သတ်မှတ်ခဲ့သည်။


news-view-count-icon

21