မတ်လ ၂၁ ရက်နေ့ မွန်းလွဲပိုင်းက မော်လမြိုင်မြို့၊ ပြည်နယ်ခန်းမတွင်ပညာရေးဝန်ကြီးဌာနနှင့် မွန်ပြည်နယ်အစိုးရအဖွဲ့တို့ ပူးပေါင်းကျင်းပသည့် ကျေးလက် ဒေသနေပြည်သူများနှင့် တိုင်းရင်းသား ပြည်သူများအတွက် ၂၀၂၅ ခုနှစ် မွန်ပြည်နယ်၊ မြို့နယ် ၈ မြို့နယ်စဉ်ဆက်ပညာရေး လုပ်ငန်းဂုဏ်ပြုပွဲအခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။၂၀၂၅ ခုနှစ်၊ စဉ်ဆက်ပညာရေး လုပ်ငန်းကို မွန်ပြည်နယ်၊ မြို့နယ် ၈ မြို့နယ်ရှိ စာသင်ဝိုင်း ၅၈၃ ဝိုင်း၊ စာသင်သား ၇,၈၄၁ ဦးကို ကြီးကြပ်သင်ကြားပေးခဲ့ကြသော နည်းပြ ၆၁၆ ဦးနှင့် ကြီးကြပ် ၇၀ ဦး၊ စုစုပေါင်း ၆၈၆ ဦးတို့ကို ဂုဏ်ပြုသော အခမ်းအနားဖြစ်ကြောင်းသိရပါသည်။



