ထိုင်းမှာ အီးစီးကရက်ကို နိုင်ငံအဆင့်နှိမ်နင်းနေပါတယ်။ အီးစီးကရက်ဟာ သာမန်ဆေးလိပ်ထက် အဆပေါင်းများစွာ ဆိုးကျိုးရှိပြီး၊ သုံးစွဲသူအနေနဲ့ အသက်တိုစေတာကြောင့် ရောင်းချသူ၊ သောက်သုံးသူ တွေ့ရှိပါက ဖမ်းဆီးအရေးယူတာတွေဆက်လက်ဆောင်ရွက်နေပါတယ်။ နောက်ဆုံးရ သတင်းထဲမှာ စီးကရက်ကို အများပြည်သူသွားလာတဲ့နေရာမှာ အီးစီးကရက်သောက်သုံးသူတွေ့ရှိပါက ၅၀၀၀ ဘတ်ထက်မနည်း ပြစ်ဒဏ်ပေးမယ်လို့ သိရပါတယ်။



