ဂျာမနီသည် ၎င်း၏ နိုင်ငံခြားရေးဝန်ကြီး၏ အလည်အပတ်ခရီးစဉ်နှင့်တိုက်ဆိုင်ပြီး ၁၃ နှစ်ကြာပိတ်ထားခဲ့သည့် ဒမတ်စကက်ရှိ ဂျာမနီသံရုံးကိုပြန်လည်ဖွင့်လှစ်လိုက်သည်။ အဆိုပါခရီးစဉ်အတွင်း သံတမန်ရေးရာဆက်ဆံရေးများကို ပြန်လည်ဖွင့်လှစ်နိုင်သည့်အရိပ်အယောင်များ တွေ့ရသည်ဟုလည်းသိရသည်။ သံရုံးကိုပြန်လည်ဖွင့်လှစ်လိုက်သော်လည်း လက်ရှိအချိန်တွင် သံရုံးဝန်ထမ်း ၁၀ ယောက်ပင်မပြည့်သေးကြောင်းသိရသည်။



