back

အောင်ပန်းမှာ နွားမှောင်ခိုများလို့ နွားအစား ကျွဲပေါ်ရောင်းနေကြ

Mar 21 • 12:02 PM

breaking-news

မြန်မာ

ရှမ်း

cover

အောင်ပန်းမှာ နွားမှောင်ခိုများလို့ နွားအစား ကျွဲပေါ်ရောင်းနေကြ

ရှမ်းပြည်တောင်ပိုင်း၊ အောင်ပန်းမြို့၌ ပြည်ပသို့ နွားမှောင်ခိုတင်ပို့မှု များပြားပြီး နွားရှားပါးနေသဖြင့် အသားပေါ်ရာတွင် နွားအစား ကျွဲများပေါ်ရောင်းနေသလို အသားစျ...

ရှမ်းပြည်တောင်ပိုင်း၊ အောင်ပန်းမြို့၌ ပြည်ပသို့ နွားမှောင်ခိုတင်ပို့မှု များပြားပြီး နွားရှားပါးနေသဖြင့် အသားပေါ်ရာတွင် နွားအစား ကျွဲများပေါ်ရောင်းနေသလို အသားစျေးများလည်း မြင့်မားလာနေကြောင်း ဒေသခံများထံက သိရသည်။အောင်ပန်းဒေသမှ နွားများ အပါအဝင် အသားလိုအပ်ချက်အတွက် အကြောင်းပြကာ ပြည်မဘက်မှ တင်သွင်းလာသည့် နွားများထဲမှ အားလုံးနီးပါးမှာ တရုတ်နှင့် ထိုင်းနိုင်ငံထံသို့ မှောင်ခိုပို့ဆောင်နေသည့်အတွက် နွားရှားပါးလာခြင်းဖြစ်ကြောင်း အောင်ပန်းဒေသခံတစ်ဦးက ပြောသည်။ အောင်ပန်းဒေသ၌ ဆိတ်သားမှာလည်း တစ်ပိဿာလျင်ယခင်ကျပ် ၂၆၀၀၀ မှ ယခု ၄၄,၀၀၀ ကျပ် ၊ အရိုးအသား ၂၄,၀၀၀ ကျပ်၊ ဝက်သား ယခင်ကျပ် ၂၄,၀၀၀ မှ ယခု ၃၂,၀၀၀ အထိ ၆ လကျော်ကာလအတွင်း တစ်လလျှင် ကျပ် ၂,၀၀၀ နှုန်းခန့်ဖြင့် မြင့်တက်လာနေကြောင်း သိရသည်။


news-view-count-icon

21