back

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်တွင်ခရမ်းချဉ်သီးစျေးမရှိသဖြင့် လွင့်ပစ်ခြင်း ၊ သဘာဝမြေသြဇာအဖြစ် ပြန်လည်းအသုံးပြုခြင်းများ ပြုလုပ်နေ

Mar 21 • 10:30 AM

breaking-news

မြန်မာ

ရှမ်း

cover

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်တွင်ခရမ်းချဉ်သီးစျေးမရှိသဖြင့် လွင့်ပစ်ခြင်း ၊ သဘာဝမြေသြဇာအဖြစ် ပြန်လည်းအသုံးပြုခြင်းများ ပြုလုပ်နေ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်ထွက်ခရမ်းချဉ်သီးများသည် ယခုတွင် တစ်ပိဿာ ၁၅၀၊၂၀၀ ကျပ် ဝန်းကျင်သာရှိသည့်အပြင် ကျေးရွာဖက်လည်း ဝယ်ယူသူမရှိသောကြောင်း စွန့်...

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်ထွက်ခရမ်းချဉ်သီးများသည် ယခုတွင် တစ်ပိဿာ ၁၅၀၊၂၀၀ ကျပ် ဝန်းကျင်သာရှိသည့်အပြင် ကျေးရွာဖက်လည်း ဝယ်ယူသူမရှိသောကြောင်း စွန့်ပစ်နေရပြီးတစ်ချို့သည် သဘာဝမြေသြဇာအဖြစ် ပြန်လည်းအသုံးပြုကြကြောင်း ခရမ်းချဥ်စိုက်တောင်သူထံက သိရသည်။ပြီးခဲ့သည့် မိုးရာသီတွင် ရာဂီမုန်တိုင်းကြောင့် ခရမ်းချဉ်သီးခင်းဧကများစွာပျက်စီးခဲ့ရပြီးနောက် ခရမ်းချဉ်သီးစျေး တစ်ပိဿာ ၆၀၀၀ ကျပ်အထိ စျေးကောင်းစွာ ရရှိခဲ့သေးကြောင်း သိရသည်။ပင်လောင်းမြို့နယ်တွင်ခရမ်းချဉ်သီးကို မိုးရာသီနှင့် ဆောင်းရာသီတွင် စိုက်ပြီးတစ်နှစ်တွင် နှစ်ကြိမ်စိုက်ပျိုးကြကြောင်း သိရသည်။



news-view-count-icon

24