ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း (YGEA) အနေဖြင့် အွန်လိုင်းကတစ်ဆင့် ရောင်းချနေသည့် ရွှေဆိုင်များသည် ကုန်သွယ်ရေးဦးစီးဌာနတွင် Online Sales လုပ်ငန်းမှတ်ပုံတင် လုပ်ဆောင်ရမည်ဟု အသိပေးထားသည်။ထိုသို့ မှတ်ပုံမတင်ဘဲ အွန်လိုင်းဖြင့် ရောင်းချနေသည့်လျှင် အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ တာဝန်ရှိသည့် အာဏာပိုင်များမှ စစ်ဆေးအရေးယူခံရနိုင်မည်ဟု အသိပေးထားသည်။



