၂၀၂၅ မတ် ၂၁ ရက်နေ့၊ မနက် ၁၁ နာရီ ၆ မိနစ်ခန့်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တန်းမြို့နယ်၊ အနောက်ပိုင်းရပ်ကွက်၊ အားကစားရုံလမ်းတွင် မီးလောင်မှု ဖြစ်ပွားခဲ့သည်။သတင်းရရှိပြီးနောက် ကျောက်တန်းမြို့နယ် မီးသတ်စခန်းမှ မီးသတ်ယာဉ်များ ထွက်ခွာငြှိမ်းသတ်ခဲ့ရာ မီးလောင်မှုဖြစ်ပွားချိန်မှ သုံးမိနစ်အတွင်းဖြစ်သည့် ၁၁:၀၉ နာရီတွင် မီးငြိမ်းနိုင်ခဲ့ကြောင်း သိရသည်။



