မတ်လ ၂၀ ရက်နေ့က စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး သည် မတ် ၁၈ ရက် နံနက်ပိုင်းတွင် အဏ္ဏဝါပတ်ဝန်းကျင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် တနင်္သာရီတိုင်းဒေသကြီး ငါးဖမ်းရေယာဉ် စောင့်ကြည့်ထိန်းချုပ်ရေးဌာနခွဲကို ကြည့်ရှုစစ်ဆေးခဲ့သည်။ ကြည့်ရှုစစ်ဆေးစဉ် ငါးလုပ်ငန်းဦးစီးဌာန တာဝန်ရှိသူများက နိုင်ငံတကာလိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများ၊ Port State Measures Agreement (PSMA) နှင့် ပြည်တွင်း ပြည်ပ ငါးဖမ်းငါးသယ်ရေယာဉ်များကို စောင့်ကြည့်ထိန်းချုပ်ထောက်လှမ်းနေမှု၊ မြန်မာ့ပင်လယ်ရေပြင်အတွင်း ငါးလုပ်ငန်းများ စနစ်တကျလုပ်ကိုင်နိုင်ကြစေရန် ကြပ်မတ်ဆောင်ရွက်နေမှုတို့ကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက ငါးသယံဇာတပြုန်းတီးမှု မဖြစ်ပေါ်စေရေး ငါးသယံဇာတမျိုးစိတ်များ ထိန်းသိမ်းရန်၊ တရားမဝင်ငါးဖမ်းဆီးမှုများကို တည်ဆဲဥပဒေစည်းမျဉ်းစည်းကမ်းများနှင့်အညီ စိစစ်ဆောင်ရွက်ရန်တို့ကို ဆွေးနွေးမှာကြားခဲ့သည်၊၊



