back

ပြည်တွင်းအလုပ်အကိုင်ရရှိမှုနည်းပါးမှုကြောင့် အလုပ်အကိုင်ပြပွဲများစိတ်ဝင်စားမှု လျော့ကျ

Mar 20 • 9:51 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

ပြည်တွင်းအလုပ်အကိုင်ရရှိမှုနည်းပါးမှုကြောင့် အလုပ်အကိုင်ပြပွဲများစိတ်ဝင်စားမှု လျော့ကျ

အလုပ်အကိုင်ပြပွဲများတွင် အလုပ်ရရှိနိုင်မှုနည်းပါးသည့်အတွက်၊ နောက်ထပ် လျှောက်ထားစရိတ်များတိုးလာသည့်အတွက် အလုပ်ရှာဖွေသူများ၏ စိတ်ဝင်စားမှု လျော့နည်းလာကြောင်း သိရသ...

အလုပ်အကိုင်ပြပွဲများတွင် အလုပ်ရရှိနိုင်မှုနည်းပါးသည့်အတွက်၊ နောက်ထပ် လျှောက်ထားစရိတ်များတိုးလာသည့်အတွက် အလုပ်ရှာဖွေသူများ၏ စိတ်ဝင်စားမှု လျော့နည်းလာကြောင်း သိရသည်။ ယခင်က အလုပ်အကိုင်ရှာဖွေသူ လူငယ်များ ပြပွဲများသို့ စိတ်ဝင်စားစွာ တက်ရောက်လျှောက်ထားကြသော်လည်း ယခုအခါ လျှောက်ထားသူများထပ်တိုးလာမှုမရှိသလောက်နည်းပါးလာသည်။အလုပ်ရှာဖွေသူများအနေဖြင့် CV ဖောင်၊ မှတ်ပုံတင်မိတ္တူ၊ ရပ်ကွက်ထောက်ခံစာ၊ ရဲစခန်းထောက်ခံစာ၊ လေဘာကတ် စသည်တို့ကို တင်ပြရန် လိုအပ်ပြီး၊ ယင်းသို့ ပြင်ဆင်မှုများကြောင့် အလုပ်လျှောက်လွှာတင်ရန် ကုန်ကျစရိတ်များ တိုးလာမှုသည်လည်း လျှောက်ထားမှုနည်းလာစေရန် အကြောင်းတစ်ခုဖြစ်နေသည်။


news-view-count-icon

25