အိန္ဒိယနိုင်ငံရဲ့ စုံစမ်းစစ်ဆေးရေးဦးစီးဌာန (ED-Enforcement Directorate) က နိုင်ငံခြားငွေလဲလှယ်ရေး စီမံကွပ်ကဲမှုအက်ဥပဒေပါ ညွှန်ကြားချက်တွေကို ချိုးဖောက်ခဲ့တယ်လို့ စွပ်စွဲမှုနဲ့ ဘီလျံနာသူဌေးကြီး ဂျော့ဂျ်ဆိုးရော့စ် တည်ထောင်ထားတဲ့ Open Society Foundation ရုံးတွေကို မတ်လ ၁၈ ရက်မှာ ဝင်ရောက်ရှာဖွေစစ်ဆေးမှုတွေလုပ်ခဲ့တယ်လို့ သိရပါတယ်။ စုံစမ်းစစ်ဆေးခဲ့မှုတွေအရ ဖောင်ဒေးရှင်းက အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေကို ထောက်ပံ့ဖို့အတွက် ဥပဒေစည်းကမ်းချက်တွေကို ရှောင်ကွင်းပြီး သံသယဖြစ်ဖွယ်အစီအစဉ်တွေနဲ့ အိန္ဒိယကုမ္ပဏီတွေဆီ ငွေတွေပို့ပေးခဲ့တာ ဖော်ထုတ်နိုင်ခဲ့ပါတယ်။ ဒါဟာ သမ္မတ ဒေါ်နယ်ထရန့်ကို ဆိုးရော့စ်ကဆန့်ကျင်ခဲ့ပြီးနောက်မှာ အမေရိကန်မှာ သူရင်ဆိုင်ခဲ့ရတဲ့ အငြင်းပွားဖွယ်အခြေအနေတွေနဲ့လည်း တူညီနေတယ်လို့ ဆိုရမှာဖြစ်ပါတယ်။
Mar 20 • 9:15 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 15 | 0 | 0 | 0 |


