အဆိုတော် မနောရဲ့ သမီးလေး မေကြေးမုံ
ခေါ်ဆရာလေး မဝိသေဌဉာဏီ (ခ) မေကြေးမုံလေးဟာ ဆရာလေးဘဝနဲ့ သီတင်းသုံးနေခဲ့တဲ့ ၃ နှစ် ၃ ဝါပြည့်ခဲ့ပြီလို့သိရပါတယ်။ မေကြေးမုံဟာ သာသနာ့ဘောင်ထဲမဝင်ရောက်ခင်မှာ အဆိုတော်တစ်ဦးအဖြစ် သီချင်းတွေကိုသီဆိုခဲ့ပါသေးတယ်။ဆက်လက်ပြီးလည်း သစ္စာတရားများကို အဆင်ပြေချောမွေ့စွာသင်ယူပြီး ကိုယ်တိုင်ကျင့်ကြံအားထုတ်နိုင်ဖို့ကို ဖခင်ဖြစ်သူ မနောက ဆန္ဒပြုခဲ့ပါသေးတယ်။ ဆရာလေးဟာ သာသနာ့ဘောင်ကိုဝင်ရောက်ပြီးနောက်မှာ သီလရှင်ကျော် ပထမအဆင့်ကိုလည်း ဝင်ရောက်ဖြေဆိုခဲ့ပါသေးတယ်။



