ဖိလစ်ပိုင်သမ္မတဟောင်း ဒူတာတေး အား အမှုဖွင့် စစ်ဆေးနေသည့် ICC အမှုဆောင်ရှေ့နေချုပ် ကာရင်ခန်း သည် လိင်ပိုင်းဆိုင်ရာ စွပ်စွဲချက်များနှင့် ရင်ဆိုင်နေရကြောင်း The Malina Times သတင်းဌာနက ရေးသားထားပါတယ်။ အင်တာနေရှင်နယ် ရာဇဝတ်မှုတရားရုံး (ICC) ၏ အမှုဆောင်ရှေ့နေချုပ် ကာရင်ခန်းသည် ဖိလစ်ပိုင်၏ ယခင်သမ္မတ ရော်ဒရီဂို ဒူတာတေးကို အမှုစစ်ဆေးနေစဉ်တွင် ၎င်းကိုယ်တိုင် လိင်ပိုင်းဆိုင်ရာ ပြစ်မှုစွပ်စွဲချက်များနဲ့ ရင်ဆိုင်နေရပါတယ်။ ၎င်း၏ အကူအညီတစ်ဦးမှ ၎င်းကို လိင်ပိုင်းဆိုင်ရာ ပြစ်မှုများဖြင့် စွပ်စွဲခဲ့ပြီး ခန်းက ထိုစွပ်စွဲချက်များကို ငြင်းဆိုခဲ့ပါတယ်။ ICC သည် ၂၀၂၄ ခုနှစ် နိုဝင်ဘာလတွင် စုံစမ်းစစ်ဆေးမှုကို စတင်ခဲ့ပြီး ယခုအချိန်ထိ ဆက်လက်ဆောင်ရွက်နေပါတယ်။ ၂၀၂၃ ခုနှစ် မေလတွင် ခန်းသည် အစ္စရေး နိုင်ငံ၏ နိုင်ငံတော်ခေါင်းဆောင် နေတန်ယာဟု နှင့် ၎င်း၏ ကာကွယ်ရေးဝန်ကြီးကို ဖမ်းဆီးရန် ကြေညာခဲ့ပါတယ်။
ဖိလစ်ပိုင်သမ္မတဟောင်း ဒူတာတေး အား အမှုဖွင့် စစ်ဆေးနေသည့် ICC အမှုဆောင်ရှေ့နေချုပ် ကာရင်ခန်း လိင်ပိုင်းဆိုင်ရာ စွပ်စွဲချက်များနှင့် ရင်ဆိုင်နေရ
Mar 20 • 8:14 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 28 | 0 | 0 | 0 |


