ပြည်တွင်းစိုက်ပျိုးရေ လုံလောက်စွာရဖို့အကောင်အထည်ဖော်နေတဲ့ ဆိုလာရေတင်စီမံကိန်းတွေထဲက ၃ ခုကို အခုနှစ်အတွင်းအပြီးတည်ဆောက်နိုင်ဖို့စီစဉ်နေတယ်လို့ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနကသိရပါတယ်။ဆိုလာစနစ်ရေတင်စီမံကိန်း ၅၉ ခုထဲက တစ်နှစ်ခန့်အတွင်း ပြီးစီးနိုင်မယ့်စီမံကိန်း ၃ ခုကို ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် General Reserve Fund ( GRF )ရန်ပုံငွေနဲ့ဆောင်ရွက်နေရပါတယ်။လျှပ်စစ်ရေတင်လုပ်ငန်းမှာအသုံးပြုနေတဲ့လျှပ်စစ်ဓာတ်အားကို အဓိကကျတဲ့လုပ်ငန်းမှာအသုံးပြုနိုင်ဖို့ ၊ ဆိုလာစနစ် ပူးတွဲတတ်ဆင်ဖို့ စီမံဆောင်ရွက်နေပြီးလက်ရှိမှာ ရေတင်စီမံကိန်း၅၉ခုထဲက တစ် နှစ်ခန့်အတွင်းမှာ ပြီးစီးနိုင်မယ့်ဆိုလာစနစ်ရေတင်စီမံကိန်း ဖြစ်တဲ့ စဉ့်ကိုင်မြို့နယ်ရှိကျွန်းဦး ၊ မကွေးမြို့နယ်ရှိ ဆိပ်သာ နဲ့ သနပ်ပင်မြို့နယ်ရှိ သာယာကုန်း တွေကို ဆောင်ရွက်နေတယ်လို့သိရပါတယ်။
Mar 20 • 7:13 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 22 | 0 | 0 | 0 |


