back

ရှမ်းပြည်နယ်၊တာချီလိတ်မြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

Mar 20 • 6:48 AM

breaking-news

မြန်မာ

ရှမ်း

breaking-news
cover

ရှမ်းပြည်နယ်၊တာချီလိတ်မြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

မတ်လ ၁၉ ရက်နေ့ ၁၃နာရီ၃၀ မိနစ်အချိန်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ ရှမ်းပြည်နယ...

မတ်လ ၁၉ ရက်နေ့ ၁၃နာရီ၃၀ မိနစ်အချိန်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ ရှမ်းပြည်နယ်၊တာချီလိတ်မြို့နယ်၊ လွယ်စီတုံ(အောက်)ကျေးရွာနေ အိုက်ရှဲန်ရွက် ၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ နေအိမ်ခြံဝင်းအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁,၂၀၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၈.၄ သိန်း)အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် အိုက်ရှဲန်ရွက်(၅၃)နှစ်အား ဟောင်လိတ်နယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များဖော်ထုတ်လျက်ရှိပါတယ်။


news-view-count-icon

18