အစ္စရေးက ဂါဇာကမ်းမြောင်ဒေသအား ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် အစ္စရေးအနေဖြင့် ဂါဇာအပစ်အခတ်ရပ်စဲရေး ကို အကောင်အထည်ဖော်ရန် ဟားမာ့စ်အဖွဲ့က မတ်လ ၁၉ ရက်တွင် တိုက်တွန်းခဲ့ပြီး ဆွေးနွေးညှိနှိုင်းရေး လမ်းဖွင့်ထားကြောင်း ပြောကြားခဲ့သည် ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။အစ္စရေးသည် မတ်လ ၁၉ ရက်က ဂါဇာဒေသကို လေကြောင်းတိုက်ခိုက်မှုများ ထပ်မံလုပ်ဆောင်ခဲ့သဖြင့် လူ ၁၃ ဦး သေဆုံးခဲ့ကြောင်း ဂါဇာပြည်သူ့ကာကွယ်ရေးအေဂျင်စီက ပြောကြားခဲ့သည်။



