ကမ္ဘာကြီးဟာ လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ၂၅၀က ရာသီဥတုပြောင်းလဲမှု ကပ်ဘေးကြီး ကြုံတွေ့ခဲ့ရကာ End-Permian အဖြစ်အပျက်လို့ခေါ်တဲ့ ကမ္ဘာ့သမိုင်းမှာ အပူနွေးဆုံးကာလတစ်ခု ဖြတ်သန်းခဲ့ရပါတယ်။ ဒါကို ဂေဟစနစ်က ဘယ်လိုတုံ့ပြန်ခဲ့လဲဆိုတာကို နားလည်ဖို့ကြိုးစားနေတဲ့ သိပ္ပံပညာရှင်တွေအတွက် အခုတော့ အဖြေရှိလာပါပြီ။အပင်တွေကနေ ဒီလိုဖောက်ပြန်ပြောင်းလဲမှုကြီးကို ကျင့်သားဖြစ်အောင် ပြုလုပ်ခဲ့ပုံများကို ကော့ခ်တက္ကသိုလ်ကောလိပ်၊ ကွန်နက်တီကပ်တက္ကသိုလ်၊ ဗီယင်နာသဘာဝသမိုင်းပြတိုက်တို့မှ သိပ္ပံပညာရှင်များအဖွဲ့က ပူးပေါင်းထုတ်ဖော်ခဲ့ကြပါတယ်။ 
ကမ္ဘာ့အဆိုးရွားဆုံးမျိုးသုဉ်းပျက်စီးမှု ဖြစ်စဉ်နောက်ပိုင်း နှစ်သန်းပေါင်းကြာသည်အထိ အပင်များရုန်းကန်ရှင်သန်ခဲ့ရ
Mar 20 • 5:58 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 19 | 0 | 0 | 0 |


