မတ်လ ၂၀ ရက်နေ့၊ နံနက် ၄ နာရီ ၄၀ အချိန်ခန့်က
ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ် (၃၄၆/ဝ) ဖာလုံအနီးတွင် Express ခရီးသည်တင်ယာဉ်တစ်စီး တိမ်းမှောက်မှု ဖြစ်ပွားရာမှ လူ (၉)ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း အမြန်လမ်းမီးသတ်တပ်ဖွဲ့မှ သိရပါတယ်။ဖြစ်စဉ်မှာ နေပြည်တော်ဘက်မှ မန္တလေးဘက်သို့ မောင်းနှင်လာသော YUTONG အမျိုးစား ဖြူဝါနီရောင် Express ခရီးသည်တင်ယာဉ်သည် မိုင်တိုင်အမှတ်(၃၄၆/ဝ) ဖာလုံအနီး အရောက်တွင် ယာဉ်မောင်းအိပ်ငိုက်ပြီး လမ်းလယ်ကျွန်းအားဝင်ရောက်တိုက်မိပြီး အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ရပ်တန့်သွားခဲ့ပြီးယာဉ်မတော်တဆမှုကြောင့် ယာဉ်ပေါ်တွင် ယာဉ်မောင်း (၂)ဦး၊ ယာဉ်နောက်လိုက် (၃)ဦး၊ ခရီးသည် အမျိုးသား (၃)ဦး၊ အမျိုးသမီး (၁၈)ဦး၊ စုစုပေါင်း (၂၆)ဦးအနက် အမျိုးသား (၁)ဦး၊ အမျိုးသမီး (၈)ဦး၊ စုစုပေါင်း (၉)ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့သဖြင့် EMS 192 လူနာတင်ယာဉ်ဖြင့် တံတားဦးမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကူညီပေးခဲ့ရပါတယ်။



