ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်၊ ဇီးထန် ကျေးရွာအုပ်စု၊ ရှိန်းခေါင်ရွာရှိ နေအိမ် လေးလုံး မတ်လ ၁၈ ရက်ည မီးလောင်မှုဖြစ်ပွားခဲ့ပြီး ကျပ်သိန်း တသောင်းကျော်ခန့် ဆုံးရှုံးခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။ မီးလောင်မှုကြောင့် လူ ထိခိုက်မှု မရှိပေမယ့်မီးေလာင် ဆုံးရှုံးမှု ခန့်မှန်းခြေ ဦးဟီဟူနိုး နေအိမ် တရုတ်ယွမ် သုံးသိန်း၊ ဦးကျော်ဘော်ဒီ နေအိမ် တရုတ်ယွမ် ရှစ်သိန်း၊ ဦးလီဆူခီး နေအိမ် တရုတ်ယွမ် ၆ သိန်း၊ စုစုပေါင်း တရုတ်ယွမ်ငွေ ၁၇ သိန်းခန့်ရှိတာကြောင့် ကာလပေါက်ဈေးနဲ့ ကျပ် သိန်း တစ်သောင်းကျော် ဆုံးရှုံးတယ်လို့ ဆိုပါတယ်။ လက်ရှိ မီးဘေး ကြုံနေရတဲ့ မိစားစုတွေ ပိုင်ဆိုင်မှု အကုန်ဆုံးရှုံးသွား တာကြောင့် ခက်ခဲနေကြပြီး အကူအညီတွေလည်း လိုအပ်နေတယ်လို့ သူက ပြောပါတယ်။



