၂၀၂၅ ခုနှစ် မတ်လ ၂၀ ရက်နေ့အတွက် ရန်ကုန်ရပ်ကွက်ဈေးများတွင် ဟင်းသီးဟင်းရွက်ဈေးနှုန်းများ ပိုမိုတည်ငြိမ်ပြီး ဈေးပေါနေသည်။ မရမ်းသီး၊ ခရမ်းချဉ်သီး၊ ပြောင်းဖူး၊ ဘူးသီးစသည့် များစွာသော ဟင်းသီးဟင်းရွက်များသည် ၅၀၀ မှ ၂၀၀၀ ကျပ်အတွင်းဖြင့် ရောင်းချပေးထားပြီး ကန်စွန်းရွက်၊ ဟင်းနုနွယ်၊ ချဉ်ပေါင်ရွက်၊ ဖရုံသီးနှင့် ဆလပ်ရွက်များသည်လည်း ပိုမိုစျေးချိုနေသည်။ပန်းဂေါ်ဖီ၊ ကြက်ဟင်းခါးသီး၊ ကိုက်လန်၊ မုန်လာဥဖြူနှင့် ဖရုံညွန့်များသည် ပုံမှန်ဈေးအတိုင်းသာရှိပြီး ပန်းဂေါ်ဖီစိမ်းနှင့် ပန်းဂေါ်ဖီများမှာ ၁၅၀၀-၂၅၀၀ ကျပ်အတွင်းရှိသည်။ ထို့အပြင် ဒန့်ဒလွန်သီး၊ ပိန္နဲကွင်း၊ သံပရာသီး၊ သံပရိုသီးနှင့် ရှောက်ရွက်များသည်လည်း ၃၀၀-၈၀၀ ကျပ်ဈေးဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။



