Donald Trump ထောက်ခံထားတဲ့ World Liberty Financial (WLFI) ဆိုတဲ့ Cryptocurrency စီမံကိန်းဟာဆိုရင်တော့ သူတို့ရဲ့ Token ရောင်းချပွဲကို အောင်မြင်စွာနဲ့ ကျင်းပပြီးစီးသွားခဲ့ပြီပဲ ဖြစ်ပါတယ်။ အဲ့ပွဲကနေမှတစ်ဆင့် သူတို့ဟာ စုစုပေါင်း ဒေါ်လာ သန်း 550 နီးပါး ရရှိခဲ့ကြပါတယ်။ စိတ်ဝင်စားစရာကောင်းတဲ့အချက်အနေနဲ့ကတော့ အဲ့ပွဲကနေရရှိခဲ့တဲ့ Net Inflow ရဲ့ 75% ကို Trump နဲ့ ဆက်စပ်နေတဲ့ ကုမ္ပဏီတစ်ခုက ရရှိထားတာပဲ ဖြစ်ပါတယ်။ WLFI စီမံကိန်းရဲ့ ရည်ရွယ်ချက်ဟာဆိုရင် လုံခြုံတဲ့ decentralized platform တစ်ခုကို တည်ဆောက်ပြီး လူအများနဲ့ ချိတ်ဆက်နိုင်ဖို့အတွက်ပဲ ဖြစ်ပါတယ်။ဒီစီမံကိန်းကနေ ရရှိလာတဲ့ငွေတွေကိုလည်း platform ဖွံ့ဖြိုးဖို့၊ security ပိုကောင်းလာဖို့နဲ့ user base ပိုကျယ်ပြန့်လာဖို့ အသုံးပြုသွားမှာပါဆိုပြီး ပြောကြားထားပါတယ်။ WLFI ရဲ့ လှုပ်ရှားမှုဟာဆိုရင် နိုင်ငံရေးနဲ့ cryptocurrency ရဲ့ ပေါင်းစပ်လာမှုကို ပြသလိုက်တာပဲ ဖြစ်ပါတယ်။ 
Mar 20 • 3:19 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 15 | 0 | 0 | 0 |


