back

Cryptocurrency တွေက်ိုစိတ်ဝင်စားလာကြတဲ့ Institutional Investor များ

Mar 20 • 3:15 AM

breaking-news

မြန်မာ

ပြည်ပ

cover

Cryptocurrency တွေက်ိုစိတ်ဝင်စားလာကြတဲ့ Institutional Investor များ

Coinbase နဲ့ EY-Parthenon ရဲ့ လေ့လာမှုတစ်ခုအရ 2025 မှာဆိုရင် institutional investors (အဖွဲ့အစည်းဆိုင်ရာ ရင်းနှီးမြှုပ်နှံသူတွေ) ရဲ့ ၇၅% ကျော်က သူတို့ရဲ့ crypto ...

Coinbase နဲ့ EY-Parthenon ရဲ့ လေ့လာမှုတစ်ခုအရ 2025 မှာဆိုရင် institutional investors (အဖွဲ့အစည်းဆိုင်ရာ ရင်းနှီးမြှုပ်နှံသူတွေ) ရဲ့ ၇၅% ကျော်က သူတို့ရဲ့ crypto ရင်းနှီးမြှုပ်နှံမှုတွေကို တိုးမြှင့်ဖို့ စီစဉ်နေကြောင်း သိရှိရပါတယ်။ အဲ့ထဲကနေမှ ၅၉% ကတော့ သူတို့ပိုင်ဆိုင်မှုတွေရဲ့ ၅% ထက်ပိုပြီး digital assets (ဒစ်ဂျစ်တယ် ပိုင်ဆိုင်မှုတွေ) မှာ ရင်းနှီးမြှုပ်နှံဖို့အတွက် စဉ်းစားနေကြပါတယ်။ ဒီလေ့လာမှုကိုဆိုရင် ဇန်နဝါရီလအလယ်ပိုင်းမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး အဲ့အချိန်တုန်းကတော့ Bitcoin ဈေးဟာ $108,000 အထိ မြင့်တက်နေခဲ့တာပဲ ဖြစ်ပါတယ်။ Institutional investors အများစုအနေနဲ့ကတော့ ETFs, stablecoins, နဲ့ altcoins တွေကို ပိုစိတ်ဝင်စားနေကြပြီး ၆၀% ကတော့ စည်းမျဉ်းစည်းကမ်းနဲ့အညီ လုပ်ဆောင်တဲ့ ရင်းနှီးမြှုပ်နှံမှုပုံစံတွေကိုသာ ပိုမိုနှစ်သက်ကြပါတယ်။ DeFi (Decentralized Finance) ဟာဆိုရင်လည်း အတိုးနှုန်းတွေသာ ကျဆင်းလာမယ်ဆိုရင် ပိုမိုကျယ်ပြန့်လာနိုင်မယ်လို့ မျှော်လင့်ရပါတယ်။



news-view-count-icon

21