ဗီယက်နမ်ကုမ္ပဏီများသည် ဗီယက်နမ်တွင် ကြက်ဥများ ပေါများနေသော်လည်း ကြက်ဥ ရှားပါးပြီး ဈေးကြီးနေသည့် အမေရိကန်သို့ ကြက်ဥတင်ပို့ရန် ခက်ခဲနေပါသည်။ အမေရိကန်တွင် လတ်ဆတ်သော ကြက်ဥများ ပြတ်လပ်မှုကြောင့် စျေးနှုန်း သိသိသာသာ မြင့်တက်လာခဲ့သည်။ ဥရောပနိုင်ငံတို့ထံမှ ကြက်ဥများ တင်သွင်းရန် အရေးတကြီး ကြိုးပမ်းနေပါသည်။ ဗီယက်နမ် ဟိုချီမင်းစီးတီးရှိ ကြက်ဥရောင်းချသည့် Vinh Thanh Dat ၏ စီအီးအို Truong Chi Thien က ကုမ္ပဏီသည် ကိုရီးယားသို့ တာရှည်ခံ ဆေးကြက်ဥ၊ တာရှည်ခံ ဆားရည်စိမ်ကြက်ဥတို့ကို တင်ပို့သည်။ မကြာသေးခင်က ကြက်ဥ အကာနှင့်အနှစ် အေးခဲပြီး တင်ပို့သည်။ တာရှည်ခံအောင် စီမံထားသည့် ကြက်ဥများ တင်ပို့နေသော်လည်း ယခုအထိ လတ်ဆတ်ကြက်ဥ တင်ပို့ဖူးခြင်း မရှိသေးချေ။
| 19 | 0 | 0 | 0 |


