မြောက်ကိုရီးယားမြို့တော် ပြုံယမ်းမှာ နေအိမ်ခန်း ၁၀၀၀၀ ပါဝင်တဲ့ လူနေရပ်ကွက်တစ်ခုကို ဖွင့်လှစ်ပြသလိုက်ပါတယ်။အဲ့ဒီစီမံကိန်းကိုမြောက်ကိုရီယားနိုင်ငံခေါင်းဆောင်ကင်ဂျုံအန်း စနေနေ့ကသွားရောက်စစ်ဆေးခဲ့တယ်လို့ နိုင်ငံပိုင်မီဒီယာ KCNA ကထုတ်ပြန်ပါတယ်။စီမံကိန်းဟာ မြို့တော်ရှိ အဓိက ဆောက်လုပ်ရေးလုပ်ငန်းတွေရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ပါတယ်။



