ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက တောင်ကြီးမြို့ လူထုအခြေပြုဗဟိုဌာနတွင် မတ် ၁၉ ရက်နေ့က နွေရာသီအခြေခံကွန်ပျူတာ၊ အင်္ဂလိပ်စာ၊ တရုတ်၊ ကိုရီးယား၊ ပန်းချီ၊ စစ်တုရင်သင်တန်းများ ဖွင့်လှစ်ခဲ့သည်။ ပြည်နယ်တရားသူကြီးချုပ်နှင့် ဝန်ကြီးများအပါအဝင် တာဝန်ရှိသူများက သင်တန်းများအား လှည့်လည်ကြည့်ရှုခဲ့ကြပြီး သင်တန်းသား ၂၀၀ ကျော် တက်ရောက်သင်ကြားနေကြောင်း သိရသည်။



