back

မန္တလေးတိုင်း၊ကျောက်ဆည်ခရိုင်တွင် ဆောင်းမြေပဲ တစ်ဧက ၄၅ တင်းထွက်ရှိ

Mar 20 • 1:57 AM

breaking-news

မြန်မာ

မန္တလေး

cover

မန္တလေးတိုင်း၊ကျောက်ဆည်ခရိုင်တွင် ဆောင်းမြေပဲ တစ်ဧက ၄၅ တင်းထွက်ရှိ

မန္တလေးတိုင်း၊ ကျောက်ဆည်ခရိုင်သည် ဆည်ရေသောက်ဒေသဖြစ်ပြီး လယ်ယာစိုက်ပျိုးရေးကို လုပ်ကိုင်ကြရာ ဆီထွက်သီးနှံဖြစ်သည့် မြေပဲကို တိုးချဲ့စိုက်ပျိုးလာကြသည်။ ခရိုင်အတွင်...

မန္တလေးတိုင်း၊ ကျောက်ဆည်ခရိုင်သည် ဆည်ရေသောက်ဒေသဖြစ်ပြီး လယ်ယာစိုက်ပျိုးရေးကို လုပ်ကိုင်ကြရာ ဆီထွက်သီးနှံဖြစ်သည့် မြေပဲကို တိုးချဲ့စိုက်ပျိုးလာကြသည်။ ခရိုင်အတွင်း ဆောင်းမြေပဲ စိုက်ပျိုးဧက ၁၁၅၇ ဧကရှိပြီး ၂၁၃ ဧက ရိတ်သိမ်းပြီးဖြစ်သည်။ မြေပဲကို အောက်တိုဘာနှင့် နိုဝင်ဘာတွင် စိုက်ပြီး ဖေဖော်ဝါရီနှင့် မတ်တွင် တူးဖော်ရသည်။ တစ်ဧကလျှင် မျိုး၊ သွင်းအားစု၊ လုပ်သားခ အပါအဝင် ၅၃၀၀၀၀ ကျပ်ကုန်ကျပြီး ၄၅ တင်းထွက်ရှိသည်။ ပွဲစားများနှင့် ဒေသတွင်း ဆီစက်လုပ်ငန်းရှင်များက ကျေးရွာများသို့ လာရောက်ဝယ်ယူပြီး ပွဲရုံများသို့ တိုက်ရိုက်တင်ပို့ရောင်းချကြသည်။ ဈေးနှုန်းကောင်း၍ တောင်သူများ အကျိုးအမြတ်ရကြောင်း သိရသည်။


news-view-count-icon

14