ပဲခူးတိုင်း အင်းတကော်မြို့နယ်၊ နိုင်သာယာကျေးရွာ အခြေခံပညာ အလယ်တန်း ကျောင်း(ခွဲ)မှာ ပညာသင် ကြားနေတဲ့ ကျောင်းသားကျောင်းသူတချို့ကို လိင်အမြတ်ထုတ်မှု ကျူးလွန်ပြီး တိမ်းရှောင်နေတဲ့ လက်ထောက်မူလတန်းပြဆရာကို မတ်လ ၁၈ ရက် ည ၇နာရီခွဲမှာ ဖမ်းမိခဲ့တယ်လို့ သိရပါသည်။အဲဒီကျောင်းဆရာသည် လက်ရှိကျောင်းမှာ တာဝန်ထမ်းဆောင်နေတာ ၈ နှစ်ကျော်ခန့်ရှိပြီး ကျောင်းဝန်း အတွင်းနေထိုင်ရာကနေ အခုလိုပြုလုပ်နေတာဟာ ၃ နှစ်နီးပါးရှိပြီဖြစ်တယ်လို့ သိရပါသည်။လိင်အမြတ်ထုတ်ခံရတဲ့ ကျောင်းသားကျောင်းသူ ၁၀ ဦးထက်မနည်းရှိပြီး Grade-5 ကျောင်းသူတစ်ဦးနဲ့ နောက်ထပ်ကျောင်းသားတစ်ဦးရဲ့မိဘတွေက အမှုဖွင့်တိုင်ကြားခဲ့တာဖြစ်ပါသည်။လက်ရှိမှာတော့ အဲဒီကျောင်းဆရာကို ပဲခူးတိုင်း အင်းတကော်မြို့နယ်က အရှေ့ကုန်းကျေးရွာမှာ တိမ်းရှောင်နေရာကနေ ဖမ်းမိခဲ့တာဖြစ်ပါသည်။



