ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ သွားဘက်ဆိုင်ရာဆေးတက္ကသိုလ် မန္တလေး၏ (၁၈) ကြိမ်၊ (၁၉) ကြိမ်နှင့် အကြိမ်(၂၀) မြောက် ဘွဲ့နှင်းသဘင် အခမ်းအနားကို (၁၉.၃.၂၀၂၅) ရက်နေ့ နံနက် (၉:၀၀) နာရီအချိန်၌ မန္တလေးတက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပခဲ့ပါသည်။ သွားဘက်ဆိုင်ရာ ဆေးလက်တွေ့ပါရဂူဘွဲ့၊ သွားဘက်ဆိုင်ရာဆေးပညာမဟာသိပ္ပံဘွဲ့ (အထူးပြု)၊ သွားမြစ်တုအစားထိုး ဆေးကုသမှု ပညာဒီပလိုမာဘွဲ့နှင့် သွားဘက်ဆိုင်ရာဆေးပညာဘွဲ့များအတွက် ကောင်းစွာအောင်မြင်ပေါက်မြောက်ခဲ့ပြီဟု ပညာရေးအဖွဲ့က ကြေညာခြင်းခံရသူများအား သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်-မန္တလေး ပါမောက္ခချုပ် ပါမောက္ခ ဒေါက်တာကျော်သီဟက ဘွဲ့အပ်နှင်းခဲ့ပါသည်။ (၁၈)ကြိမ်မြောက်ဘွဲ့နှင်းသဘင်အခမ်းအနားတွင် သွားဘက်ဆိုင်ရာ ဆေးလက်တွေ့ပါရဂူဘွဲ့ရရှိသူ (၁)ဉီး၊ သွားဘက်ဆိုင်ရာဆေးပညာမဟာသိပ္ပံဘွဲ့ (အထူးပြု) ရရှိသူ (၁၀)ဦးနှင့် သွားဘက်ဆိုင်ရာ ဆေးပညာဘွဲ့ရရှိသူ(၅)ဦး၊ (၁၉)ကြိမ်မြောက်ဘွဲ့နှင်းသဘင် အခမ်းအနားတွင် သွားဘက်ဆိုင်ရာ ဆေးလက်တွေ့ ပါရဂူဘွဲ့ရရှိသူ (၄)ဉီး၊ သွားဘက်ဆိုင်ရာဆေးပညာမဟာသိပ္ပံဘွဲ့ (အထူးပြု) ရရှိသူ (၆)ဦး၊ သွားမြစ်တု အစားထိုးဆေးကုသမှု ပညာဒီပလိုမာ ဘွဲ့ရရှိသူ (၁)ဦးနှင့် သွားဘက်ဆိုင်ရာ ဆေးပညာဘွဲ့ရရှိသူ (၉)ဦး၊ အကြိမ်(၂၀) မြောက်ဘွဲ့နှင်းသဘင်အခမ်းအနားတွင် သွားဘက်ဆိုင်ရာဆေးလက်တွေ့ပါရဂူဘွဲ့ရရှိသူ(၁)ဉီး၊ သွားဘက်ဆိုင်ရာ ဆေးလက်တွေ့အခြေခံပါရဂူဘွဲ့ရရှိသူ (၂)ဦးနှင့် သွားဘက်ဆိုင်ရာ ဆေးပညာဘွဲ့ရရှိသူ (၉၂)ဦးတို့အား ဘွဲ့အပ်နှင်း ချီးမြှင့်ပေးအပ်ခဲ့ပါသည်။



