back

“အဆင့်အမြင့်ဆုံး အဆင့်မြှင့် လှုပ်ရှားမှု” ဖြင့် အစ္စရေးအား တိုက်ခိုက်သွားမည်ဟု ဟူသီလက်နက်ကိုင်အဖွဲ့ကြေညာ

Mar 19 • 9:15 AM

breaking-news

မြန်မာ

ပြည်ပ

cover

“အဆင့်အမြင့်ဆုံး အဆင့်မြှင့် လှုပ်ရှားမှု” ဖြင့် အစ္စရေးအား တိုက်ခိုက်သွားမည်ဟု ဟူသီလက်နက်ကိုင်အဖွဲ့ကြေညာ

အစ္စရေးက ဂါဇာကမ်းမြောင်ဒေသ၌ အကြီးစားလေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့သဖြင့် ဟူသီလက်နက်ကိုင်အဖွဲ့သည် “အဆင့်အမြင့်ဆုံး အဆင့်မြှင့် လှုပ်ရှားမှု” ဖြင့် အစ္စရေးအာ...

အစ္စရေးက ဂါဇာကမ်းမြောင်ဒေသ၌ အကြီးစားလေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့သဖြင့် ဟူသီလက်နက်ကိုင်အဖွဲ့သည် “အဆင့်အမြင့်ဆုံး အဆင့်မြှင့် လှုပ်ရှားမှု” ဖြင့် အစ္စရေးအား တိုက်ခိုက်သွားမည်ဟု ယီမင် ဟူသီလက်နက်ကိုင်အဖွဲ့ခေါင်းဆောင် Abdul Malik Houthi က မတ် ၁၈ ရက် ညပိုင်းတွင် ထုတ်ပြန်ခဲ့သည်။

ဟူသီလက်နက်ကိုင်အဖွဲ့သည် “အဆင့်အမြင့်ဆုံး အဆင့်မြှင့် လှုပ်ရှားမှု” အား ပြန်လည်ဖော်ဆောင်သွားမည်ဖြစ်ပြီး အစ္စရေးအား အစွမ်းကုန်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း၊ တစ်ချိန်တည်းတွင် ယင်းကြောင့် “ဖြစ်ပွားလာနိုင်သော အမေရိကန်၏ ယီမင်အပေါ် ကျူးကျော်မှု” ကိုလည်း ရင်ဆိုင်သွားမည်ဖြစ်ကြောင်း Abdul Malik Houthi က ထိုနေ့၌ အဆိုပါအဖွဲ့အစည်းထိန်းချုပ်ထားသည့် Al Masirah ရုပ်သံလွှင့်ဌာနမှတစ်ဆင့် ရုပ်သံမိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။


news-view-count-icon

20