၁၉.၃.၂၀၂၅ ရက်ယနေ့၊ ၁၁ နာရီ၂၉ မိနစ်အချိန်၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ဇေယျာဌာနီလမ်းဘေးတွင် တောမီးလောင်မှုဖြစ်ပွားခဲ့ရာ သတင်းရရှိသဖြင့် ဥတ္တရမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ဥတ္တရနယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီးတို့ဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ၁၄ နာရီ၀၆ မိနစ်အချိန်တွင် မီးငြိမ်းနိုင်ခဲ့ပါတယ်။



