back

ပြည်တွင်း ဘဏ္ဍာနှစ်ကုန်ခါနီးသော်လည်း ကုန်သွယ်မှုလျာထားချက် မပြည့်မီသေး

Mar 19 • 8:02 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

ပြည်တွင်း ဘဏ္ဍာနှစ်ကုန်ခါနီးသော်လည်း ကုန်သွယ်မှုလျာထားချက် မပြည့်မီသေး

၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် သတ်မှတ်ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၃၃ ဘီလီယံ ဖြစ်သော်လည်း ၂၀၂၅ မတ် ၁၂ ရက်အထိ ၇၈ ရာခိုင်နှုန်းသာ ပြည့်မှီနိုင်ခဲ့ကြောင်း အမျိုးသားပို့...

၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် သတ်မှတ်ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၃၃ ဘီလီယံ ဖြစ်သော်လည်း ၂၀၂၅ မတ် ၁၂ ရက်အထိ ၇၈ ရာခိုင်နှုန်းသာ ပြည့်မှီနိုင်ခဲ့ကြောင်း အမျိုးသားပို့ကုန်မဟာဗျူဟာအစိုးရ-ပုဂ္ဂလိက ပို့ကုန်မြှင့်တင်ရေးကော်မတီက ထုတ်ပြန်သည်။ပို့ကုန်တိုးမြှင့်ရန် အစိုးရဌာနများ၊ ပုဂ္ဂလိကအသင်းအဖွဲ့များနှင့် ပို့ကုန်လုပ်ငန်းရှင်များ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပြီး အထူးသဖြင့် ပို့ကုန်တန်ဖိုးသည် သွင်းကုန်ထက် ပိုမိုမြင့်မားစေရန် ကြိုးပမ်းဆောင်ရွက်နေသည်။၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ပို့ကုန်တန်ဖိုး ၁၆,၇၀၀ သန်း၊ သွင်းကုန်တန်ဖိုး ၁၆,၃၀၀ သန်းဖြင့် ကုန်သွယ်မှုပိုငွေ ၄၀၀ သန်းရှိမည်ဟု ခန့်မှန်းထား သည်။ပို့ကုန်များတွင် ဆန်၊ ပြောင်း၊ မတ်ပဲ၊ ပဲတီစိမ်း၊ ရေထွက်ပစ္စည်းများနှင့် သတ္တုတွင်းထွက်ပစ္စည်းများ ပါဝင်ပြီး ပြီးခဲ့သည့် ဘဏ္ဍာနှစ်တွင် ပို့ကုန်တန်ဖိုး ၁၄.၆၁၄ ဘီလီယံ ရရှိခဲ့ကြောင်း သိရသည်။


news-view-count-icon

20