၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ တတိယနေ့ ကရင်ပြည်နယ် ဘားအံမြို့နယ်ရှိ အထက(၁)၊ အထက(၂)၊ အထက(၃) နှင့် အထက(၄) စာစစ်ဌာနများတွင် သင်္ချာဘာသာရပ် ဖြေဆိုသူ ၁၈၃၈ ဦး ရှိကြောင်း သိရသည်။စာမေးပွဲဖြေဆိုရန် စာရင်းပေးသွင်းထားသူ ၁၉၁၂ ဦးအနက် ၇၄ ဦး ပျက်ကွက်ခဲ့ပြီး, ဖြေဆိုမှုရာခိုင်နှုန်း ၉၆.၁၃% ဖြစ်သည်။ကျောင်းသားများ အေးချမ်းစွာ ဖြေဆိုနိုင်ရန် ပညာရေးဝန်ထမ်းများ၊ ရဲတပ်ဖွဲ့၊ ကျန်းမာရေးဝန်ထမ်းများနှင့် မီးသတ်တပ်ဖွဲ့ဝင်များက စောင့်ကြပ်မှုများ ပြုလုပ်ပေးနေသည်။



