back

မလေးရှားသို့ သွားမည့် မြန်မာနိုင်ငံသား (၁၉)ဦး ထိုင်း၌ ဖမ်းဆီးခံရ

Mar 19 • 7:32 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

မလေးရှားသို့ သွားမည့် မြန်မာနိုင်ငံသား (၁၉)ဦး ထိုင်း၌ ဖမ်းဆီးခံရ

မြန်မာနိုင်ငံမှ တရားမဝင် ထိုင်းသို့ဝင်ရောက်ပြီး မလေးရှားသို့ သွားရောက်ရန် ပွဲစားများကို ဘတ် (၁၅,၀၀၀) မှ (၂၅,၀၀၀) အထိ ပေးထားသော မြန်မာ (၁၉)ဦးအား ၂၀၂၅ မတ် ၁၉ တွင်...

မြန်မာနိုင်ငံမှ တရားမဝင် ထိုင်းသို့ဝင်ရောက်ပြီး မလေးရှားသို့ သွားရောက်ရန် ပွဲစားများကို ဘတ် (၁၅,၀၀၀) မှ (၂၅,၀၀၀) အထိ ပေးထားသော မြန်မာ (၁၉)ဦးအား ၂၀၂၅ မတ် ၁၉ တွင် ထိုင်း ကန်ချနဘူရီ ပြည်နယ် ရန်တီမြစ်ချောင်းတွင် စက်လှေဖြင့် ဖြတ်ကူးစဉ် ထိုင်းစစ်တပ်က ဖမ်းဆီးခဲ့သည်။ ဖမ်းဆီးခံရသူများတွင် ကလေးငယ်တစ်ဦး ပါဝင်ပြီး၊ လှေသမား ထိုင်းနိုင်ငံသား (၂)ဦး ပါဝင်သည်။ထိုင်းစစ်တပ်အမှတ် (၉) ခြေမြန်တပ်မမှ တပ်ဖွဲ့ဝင်များက တရားမဝင်နယ်စပ် ဖြတ်ကျော်မှုများ တားဆီးရန် ဆက်လက် ကင်းလှည့်နေကြောင်း ထုတ်ပြန်ထားပြီး ဖမ်းမိသူအားလုံးကို ဆောင်ခလာဘူရီရဲစခန်းသို့ ပို့ဆောင်ကာ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။


news-view-count-icon

31