တာချီလိတ်မြို့တွင် လက်ရှိ လာအိုဘက်မှ (၁၃)မဂ္ဂါဝပ်သာ အသုံးပြုနိုင်မှုကြောင့်, (၂၄)နာရီ မီးရရှိရေးအတွက် ယခင်သုံးစွဲခွင့်ရှိသော (၂၀.၉၇) မဂ္ဂါဝပ်အထိ ထပ်တိုးအသုံးပြုခွင့် တင်ပြ တောင်းခံထားသည်။ လျှပ်စစ်မီးပြတ်တောက်မှုကိုလည်း တက္ကသိုလ်ဝင်တန်းစာမေးပွဲကာလအတွင်း ထိန်းထားနိုင်ခဲ့သော်လည်း, စာမေးပွဲပြီးသည်နှင့် အလှည့်ကျဖြန့်ဖြူးမှု ပြန်လည်ဖြစ်နိုင်ကြောင်း သိရသည်။



