back

ဆိုက်ဘာလုံခြုံရေးကုမ္ပဏီ Wiz ကို Google ဝယ်ယူမည်

Mar 19 • 6:08 AM

breaking-news

မြန်မာ

ပြည်ပ

cover

ဆိုက်ဘာလုံခြုံရေးကုမ္ပဏီ Wiz ကို Google ဝယ်ယူမည်

Google မိခင်ကုမ္ပဏီ Alphabet က ဆိုက်ဘာလုံခြုံရေးကုမ္ပဏီ Wiz ကို အမေရိကန်ဒေါ်လာ ၃၂ ဘီလီယံပေးပြီး ဝယ်ယူတော့မယ်လို့ AP သတင်းမှာ ဖော်ပြပါတယ်။ အရှိန်အဟုန်ပြင်းပြင်းန...

Google မိခင်ကုမ္ပဏီ Alphabet က ဆိုက်ဘာလုံခြုံရေးကုမ္ပဏီ Wiz ကို အမေရိကန်ဒေါ်လာ ၃၂ ဘီလီယံပေးပြီး ဝယ်ယူတော့မယ်လို့ AP သတင်းမှာ ဖော်ပြပါတယ်။ အရှိန်အဟုန်ပြင်းပြင်းနဲ့ မြင့်တက်နေတဲ့ ဉာဏ်ရည်တု နည်း ပညာဆိုင်ရာ တိုးတက်မှုတွေအကြား cloud computing အပိုင်း မြှင့်တင်ဖို့အတွက် ဆိုက်ဘာလုံခြုံရေးကုမ္ပဏီ Wiz ကို ဝယ်ယူဖို့ စီစဉ်နေတာဖြစ်ပါတယ်။အနှောင့်အယှက်အတားအဆီးတွေမရှိဘဲ အရောင်းအ၀ယ်ဖြစ်သွားရင် Alphabet ကုမ္ပဏီသမိုင်းမှာ ၂၅ နှစ်တာ ကာလအတွင်း စံချိန်တင် စျေးအကြီးဆုံး ဝယ်ယူမှုတစ်ခု ဖြစ်လာမှာပါ။ အဲဒီဝယ်ယူမှုက Google ဝန်ဆောင်မှုတွေ အတွက် လုံခြုံရေးကို ပိုမိုပေးဆောင်မယ့်အပြင် cloud-computing လုပ်ငန်းမှာ ယှဉ်ပြိုင်ဖို့အတွက် နည်းပညာမြင့် အရှိန်အဟုန်အသစ်တွေလည်း ရရှိစေမှာဖြစ်ပါတယ်။


news-view-count-icon

16