နွေဦးရာသီတွင် တရုတ်နိုင်ငံ ယူနန်ပြည်နယ် တာ့လီ (ပိုင်လူမျိုး) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ ကျန့်ချွမ်းခရိုင်ရှိ ရှားရှီး ရှေးဟောင်းမြို့တွင် အလည်အပတ် ခရီးသွားဧည့်သည်အများအပြား ရောက်ရှိလာခဲ့သည်။ ထိုရှေးဟောင်းမြို့သည် ကျင်းရှားမြစ်၊ လန်ချန်းမြစ်၊ နုကျန်းမြစ် မြစ်သုံးစင်းတို့ အပြိုင်စီးဆင်းသော သဘာဝဘေးမဲ့တော အရှေ့တောင်ပိုင်းတွင် တည်ရှိ သမိုင်းတွင် ၎င်းသည် ယူနန်- ရှီးဇန့် ရှေးခေတ်လက်ဖက်ကုန်သည်လမ်းပေါ်ရှိ အရေးကြီးသော ပို့ဆောင်ရေးစခန်းတစ်ခုလည်းဖြစ်ခဲ့သည်။



